ဗုဒ္ဓဟူး

ဗုဒ္ဓဟူး

‘အလယ်အလတ် လမ်းစဉ်ဆိုတာ မင်းကြားဘူးလား’

ဟုတ်ကဲ့ ကြားဘူးပါတယ် အဘိုး

အေး..ဒါဆို အဲသည်လမ်းစဉ်ဟာကောင်းလား မကောင်းဘူးလား

ကောင်းတာပေါ့ အဘိုးရဘယ်အရာကိုမှ အလွန်အကျူးမလုပ်တာအကောင်းဆုံးဘဲ

အေး.. အဲသည်လိုလုပ်စမ်းပါကွ မင်းနဲ့စကားပြောရတာ သည်နေ့ အပေါက်အလမ်းအတည့်ဆုံးဘဲဟေ့

ဟုတ်ကဲ့..ထုံးစံအတိုင်း အဘိုးဦးတစ်ပတ်နဲ့ ကျွန်တော်နဲ့ မနက်စောစော လေပန်းနေကြတဲ့ စကားတွေဖြစ်ပါတယ်.. [ဆက်လက်ဖတ်ရှုပါရန်]

Permalink|Comments RSS Feed|Trackback URL

ကဗျာ..

မင်းငိုရင် ငါချော့…
ငါချော့ရင် မင်းမူ…
မင်းမူတော့ ငါစ……
ငါစလို့မင်းစိတ်ကောက်ရင်…
ဟန်ဆောင်လို့ ငါအိပ်…
မီးပိတ်တော့လည်း…
ညည်းစိတ်လျော့ရတာပဲ…
မဟုတ်လား။…” (အောင်ဝေး)

အဟဲ သည်ကဗျာလေးကျွန်တော် သူများဆီကရလို့တင်ထားတာပါ။

Permalink|Comments RSS Feed|Trackback URL

အိမ်လွမ်းသူ

ကျွန်တော် ၁ ပတ်အကြောင်းပြောနေရင်းနဲ့ ဘဝခရီးသည်ကြီး Zox ကစီပုံးမှာ လာတဂ်သွားလို့ပါ။ ပြီးတော့ကျွန်တော်ကိုယ်တိုင်ကလည်း သည်ပို့စ်ကို သည်နေ့မှာမရေးရင် သေမလောက်ဖြစ်နေလို့ပါ။ ပထမဆုံးကျွန်တော်ပြော ချင်တာက ကျွန်တော့်ကို အကြောင်းအမျိုးမျိုးကြောင့် အိမ်ကနှင်ချထားတာ ၁ လကျော်သွားပါပြီ။ ကျွန်တော်ဆိုတဲ့ အကြောမာမာ သတ္တ၀ါလေးကလည်း မပြန်ပါဘူး။ သည်နေ့မှ ပထမဆုံးအကြိမ် မေမေနဲ့ ဖုန်းပြောခွင့်ရပါတယ်။ ဒါကြောင့်လည်းကျွန်တော်သည်ပို့စ်ကို ရေးဖြစ်သွားတာပါ။ ကျွန်တော်လေ ဖုန်းချချချင်းမှာတင် အရမ်းငိုချင်သွားတယ်ဗျာ။ ဘာပြောလို့ပြောရမှန်းလည်းမသိဘူး…သည်ပို့စ်ကိုလည်း တော်တော်အားတင်းပြီးရေးနေရတာ။ ကျွန်တော်အခုနေနေရတဲ့ နေရာမှာကျွန်တော်ကောင်းကောင်းမွန်မွန်နေရပါတယ်… ဒါပေမယ့် ၁ ခုလိုနေတယ်ဗျာ..။ အဲဒါကတော့ မိဘမေတ္တာရိပ်ပါဘဲ။ နေပူထဲကလာမှ နေရိပ်ရဲ့ တန်ဖိုးကို သိနိုင်သလို အပြင်လောကကြီးထဲမှာ တစ်ကယ်တမ်း ၁ ယောက်ထဲရုန်းကန်တဲ့အချန်ရောက်မှ မိဘမေတ္တာရိပ်ရဲ့ တကယ့်အေးမြတဲ့ အရသာကို ပြန်လွမ်းလာမိပါတယ်။ ဒါတောင်မှ ကျွန်တော်နဲ့ ကျွန်တော့်အိမ်ဟာ ရန်ကုန်ဆိုတဲ့ မြို့လေး၁မြို့ထဲမှာရှိနေလို့ပါ။ တကယ်လို့သာ နိုင်ငံခြားလိုများသွားနေနေရတဲ့ လူတွေအတွက်ဆို ဘယ်လိုများနေမလဲလို့ ကျွန်တော်ကိုယ်ချင်းစာမိပါတယ်။ ပြန်လာချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့်ပြန်လာခွင့် မရှိကြတဲ့လူတွေကို ကျွန်တော် အခုတော့ကိုယ်ချင်းစာမိပါပြီ။ (အရင်ကတော့ နိုင်ငံခြားသွားပြီးရင် အကုန်နီးပါးအဆင်ပြေသွားမယ်လို့ထင်နေခဲ့မိတာလေ..) အရင်ကဆို ကျွန်တော်အိမ်ကို ပြန်ချင်မှပြန်တယ်.. မပြန်ချင်ရင် ၆ လ လောက်အထိ အိမ်ကိုမပြန်ဘဲနေခဲ့ဘူးပါတယ်။ အခု ပြန်ခွင့်မရှိဘူးဆို တဲ့ အသိလေးဝင်လာမှ ၁ လ လောက်နဲ့တင် အရမ်း အိမ်ကိုလွမ်းလာမိပါတယ်။ ကျွန်တော်အခုရေးနေရင်းနဲ့ စကားပုံလေး ၁ ခုကို သတိသွားရပါတယ်။ A House is not a home တဲ့.. ဟုတ်တယ်နော်.. ကျွန်တော်အခု အိမ်မှာနေတာပါ။ House ပေါ့ဗျာ.. ပြောရမယ်ဆိုရင်.. ဒါပေမယ့်နွေးထွေးတဲ့ မေတ္တာငွေ့တွေမရှိတဲ့အတွက် House ဆိုတဲ့ အဆင့်မှာဘဲရှိနေတာပါ။ Home ဆိုတဲ့ အဆင့်ကိုမရောက်ဘူးပေါ့ဗျာ။ နေလို့ဖြစ်ပေမယ့် နေလို့တော့မပျော်ပါဘူး။ ကျွန်တော်အိမ်အရမ်းပြန်ချင်တယ်ဗျာ…။ ဒါဘာဘဲ..။

Permalink|Comments RSS Feed|Trackback URL

အင်္ဂါနေ့

အင်္ဂါနေ့

သည်နေ့မနက်စောစောလည်း လမ်းထလျှောက်ဖြစ်တယ်…။ မနေ့ကထက်တောင်ပိုအေးနေသေးသလိုဘဲ။ မြူတွေကလည်း သဲသဲမဲမဲကို ကျနေတာ နောက်နေ့ကျစရာမကျန်တော့မယ့်အတိုင်းဘဲ။ ကျွန်တော်လည်း ခပ်တည်တည်ဘဲ ~~ဒီဇင်ဘာလ..အဖြူရောင်မြူနှင်းကြားက..~~ ဘာညာ..သာရကာ အော်ဆိုပြီး လမ်းကို ခပ်ဖြည်းဖြည်းဘဲလျှောက်လာမိတယ်။ သည်နေ့လည်း ဟိုအဘိုးကြီး ဦးတစ်ပတ်နဲ့ တွေ့ဦးမယ်ထင်တယ်..။ သူနဲ့တွေ့ရတာပျော်စရာကောင်းတယ်ဗျ။ သူက နာမည်နဲ့လိုက်အောင် တစ်ပတ်လုံးက နေ့တွေကို သူပိုင်တဲ့ အတိုင်းဘဲပိုင်စိုးပိုင်နင်းလျှောက်ပြောနေတာ..။ကျွန်တော်နဲ့တွေ့တော့မှ ဂွတီးဂွကျတွေဖြစ်နေရှာတယ်။ ပြောရင်းဆိုရင်း ခေါင်းထဲအတွေးလေးမှ မဆုံးမီ အရှေ့မှာအဘိုးကြီးကို တွေ့လိုက်ရတယ်..။ သည် ၁ ခါတော့ကျွန်တော်ကဘဲအရင်လှမ်းခေါ်လိုက်ပါတယ်..။ [ဆက်လက်ဖတ်ရှုပါရန်]

Permalink|Comments RSS Feed|Trackback URL

တနလာင်္နေ့

တနလာင်္နေ့
မနက်စောစောလမ်းထလျှောက်ဖြစ်တယ်။ နှင်းတွေကလည်းမှုန်ဝါးဝါးကျလို့..ကျွန်တော်နေတဲ့နေရာလေးက အိမ်ရှေ့မှာလယ်ကွင်းတွေနဲ့ဆိုတော့ လေက အဆီးအတားမဲ့ကိုတိုက်နေတာ..။ လမ်းမပေါ်ရောက်တော့ အချမ်းသက်သာအောင် ဂျာကင်အင်္ကျီအိတ်ထဲလက် ၂ ဘက်လုံးထိုးထည့်ရင်း ကိုယ်ကို ကျုံ့ပြီးလျှောက်လာမိတယ်။ အရှေ့မှာ ခပ်လှမ်းလှမ်းမှာ အဘိုးအို ၁ ယောက်လျှောက်လာတာတွေ့လိုက်ရတယ်။ အနားရောက်တော့မှ အဘိုးကလှမ်းခေါ်တယ်…
[ဆက်လက်ဖတ်ရှုပါရန်]

Permalink|Comments RSS Feed|Trackback URL

ဆုတောင်း…

ဆု ဆိုတာတောင်းရတာမျိုးလား.. တောင်းတိုင်းရောရပါ့မလား.. ကျွန်တော်ကတော့ `ဆု´ ဆိုတာ တောင်းခံလို့ရတဲ့ အရာမျိုးလို့မထင်ပါဘူး… ဥပမာ.. အပြေးပြိုင်ပွဲ ၁ ခုကို ကြည့်ပါ။ အမြန်ဆုံးပြေးနိုင်ပြီး ပန်းတိုင်ကို အရင်ဆုံးရောက်တဲ့ သူက ပထမဆု ကို ရမှာပါ။ ဆိုလိုတာက ဆုဆိုတာ တောင်းစရာမဟုတ်ဘူးလို့ ပြောချင်တာပါ။ ကိုယ်တိုင် ကြိုးစားအားထုတ်ပြီးမှ အဲသည်အားထုတ်မှုနဲ့ ထိုက်တန်တဲ့ ရလာဒ်ကို ခေါ်တာပါ။ [ဆက်လက်ဖတ်ရှုပါရန်]

Permalink|Comments RSS Feed|Trackback URL

ကြုံရဆုံရ ဘုံဘ၀ရယ်…

အခုလေးတင်ဘဲ ကျွန်တော်အလုပ်လုပ်နေတဲ့ဌာနကို ဖုန်းဝင်လာပါတယ်.. ထုံးစံအတိုင်း ကွန်နက်ရှင်မရလို့ပါတဲ့.. ကျွန်တော်တို့ကလည်း ၀တ္တရားရှိသည့်အတိုင်းမေးရပါတယ်.. မေးတဲ့အထဲမှာ အခုလက်ရှိကျွန်တော်တို့ဆီကို complain တက်တဲ့ complain person နာမည်ကိုမှတ်ရပါတယ်.. အဲလိုမှမဟုတ်ရင်.. ပိုင်ရှင်က ၁ ယောက်.. ပြောတဲ့လူက ၁ ယောက်ဖြစ်နေတတ်ပြီး လူကိုယ်တိုင်လာတဲ့အခါကျတော့ အဲဒါကျွန်တော်ပြောတာမဟုတ်ဘူး.. ဘာဘူး ညာဘူး.. ကျွန်တော့်ဆိုင်က ကောင်လေးတွေပြောတာ ဘာ၊ညာ ဆိုပြီး ပြဿနာ တက်တတ်လွန်းလို့ပါ။ [ဆက်လက်ဖတ်ရှုပါရန်]

Permalink|Comments RSS Feed|Trackback URL

အိုဘယ့်ဘယ်…

အို ဘယ့်ဘယ်…
အို ဘယ့်အင်တာနက်
ဂိတ်ဝေးကမထွက်
အို ဘယ့်ဘယ်..
အို ဘယ့် ဂျီမေးလ်..
ကျူဖို့ရန်ဝေး…
အို ဘယ့်ဘယ်..
အို ဘယ့်ကျွန်တော်လေး
ဘလော့ရေးရင်းတွေး…

မှတ်ချက်။ ။ ၁၃ နှစ်သားကဗျာဆရာလေးရဲ့ကဗျာတစ်ပုဒ်ကို ကူးချပါတယ်..ဟိဟိ

Permalink|Comments RSS Feed|Trackback URL

ကျွန်တော်နှင့် OSI 10 Layer

ကျွန်တော်တို့ Netwoking field မှာ အလုပ်လုပ်နေတဲ့သူတိုင်း သည် OSI 7 Layer နဲ့ ရင်းနှီးဘူးတဲ့လူတွေချည်းပါဘဲ…ဒါကိုဘဲ အခု ကျွန်တော်ဆိုတဲံ့သတ္တ၀ါလေး က OSI 10 Layer ဆိုတော့ နည်းနည်းများမျက်စိလည်ကုန်ကြပြီလားမသိဘူး.. သည်လိုပါ။ ကျွန်တော်ဇာတ်စုံခင်းပြပါ့မယ်.. အားလုံးသိပြီးတဲ့ အတိုင်းဘဲ OSI 7 Layer ဆိုတာ Netwoking ရဲ့ Basic ပါဘဲ။ OSI 7 Layer ကို IEEE ကသတ်မှတ်ပြီး developer တွေနဲ့ Hardware Manufacturer တွေကို develop လုပ်ရတာလွယ်အောင် ခွဲခြားပေးထားတာပါ။ [ဆက်လက်ဖတ်ရှုပါရန်]

Permalink|Comments RSS Feed|Trackback URL

ချစ်ကြတယ်ဗျ…

အဟမ်း..ကျွန်တော်ပျောက်သွားတယ်..ပြန်ပေါ်လာတယ်.. ရောက်ရောက်ချင်းတဂ်အကြွေးတွေဆပ်လိုက်ရတယ်.. အင်း.. ဟိုကောင်မလေး အကီနိုမကောင်းတာပေါ့ဗျာ.. ဟဲဟဲ.. အခုမှကိုယ်ရေးချင်တာစရေးရမှာဗျ.. [ဆက်လက်ဖတ်ရှုပါရန်]

Permalink|Comments RSS Feed|Trackback URL